(၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် (၃၀) ကြိမ်မြောက် တပ်မတော်(ကြည်း/ရေ/လေ) စစ်တီးဝိုင်းပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်းတွင် ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်း (၂၉) သင်းဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါတယ်။ ယနေ့နံနက်ပိုင်းတွင် (က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ဆက်လက်ကျင်းပကြောင်းသိရှိရပါတယ်။




