မေတ္တာဆိုတဲ့တရား သတ္တဝါတွေ အားလုံးအပေါ်မှာ ထားနိုင်ပြီ၊
လူသားအားလုံးအပေါ် ကိုယ်နဲ့တည့်သူ မတည့်သူ၊
ကိုယ့်အကျိုးစီးပွါးကို လိုလားသူ မလိုလားသူ၊
မည်သည့်ပုဂ္ဂိုလ်ပဲ ဖြစ်စေ ကိုယ့်ဘက်က မေတ္တာထားနိုင်ရမယ်။
အဲ့ဒီလို မေတ္တာထားခြင်းအားဖြင့် တချိုhက ထင်တာပေါ့၊ ကိုယ်ကရှုံးသွားတယ်လို့ ။
မဟုတ်ဘူး ၊ရှုံးတာက ကိုယ်မဟုတ်ဘူးနော်။
ကိုယ်ရှုံးတာက မေတ္တာရှုံးမှ ရှုံးတာ။
မေတ္တာထားသည့်အတွက်ကြောင့် ကိုယ်ကအရှုံးမရှိဘူး။
ကိုယ့်ရင်ထဲ နှလုံးထဲမှာ အမုန်းတရား မဝင်လာသမျှ ကိုယ်ဟာ မရှုံးဘူး။
အရှုံးတရား ကိုယ့်မှာ မရှိဘူး။
အမုန်းတရားသည်သာလျှင် ကိုယ့်ကို အပါယ်ကို ဆွဲချနိုင်တယ်။
မေတ္တာတရားက ကိုယ့်ကို မြင့်သထက်မြင့်အောင် မြင့်မြတ်တဲ့နေရာကို ပို့ဆောင်ပေးတယ်။
ဒါကြောင့်မို့လို မေတ္တာတရားထားနိုင်သလောက်ထား အရှုံးမရှိဘူး။
အရှုံးက အမုန်းတရားသာလျှင် အရှုံးတရားလို့ ဒီလိုမှတ်သားကြရမယ်။ 🙏🙏🙏
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ