ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းစစ်မှုမထမ်း မနေရ ဥပဒေကျင့်သုံးမည် ဖြစ်သော်လည်း အမြဲတမ်းစစ်မှုထမ်းမည့် မျိုးချစ်လူငယ်များအား ယခင်အတိုင်းဆက်လက် ခေါ်ယူသွားမှာပါနော်.။
တပ်မတော်သားတစ်ဦးလျှင်. တစ်လ လစာ၊ စားရိတ်၊ ရိက္ခာ၊ စသည့်လစာစားရိတ် ၅ သိန်း ၁သောင်း ရရှိခံစားရပါမည်။
မြန်မာ့တပ်မတော်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်လိုသူများအတွက် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီးအဖြစ် ကမ္ဘာတည်တရွေ့ခိုင်မြဲဖို့ရန် အမိမြေကိုကာကွယ်ဖို့ တပ်မတော်မှာ စစ်မှုထမ်းကြပါစို့..။
တပ်မတော်သားလူပျိုများအတွက် ရိပ်သာ၊ အိမ်ထောင်သည်များအတွက် တိုက်ခန်းများနေအိမ်လိုင်းခန်းများတွင် ရေ၊မီး၊အိမ်လခ အခမဲ့နေထိုင်ခွင့်ရရှိမည့်အပြင် မိမိအပါအဝင် မိသားစုဝင်များအား တပ်မတော်ဆေးရုံ၊ဆေး ခန်းများတွင် အခမဲ့ဆေးကုသခွင့်လည်းရရှိမှာဖြစ်ပါတယ်နော်.။


