၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ–
• ဖေဇော်ဝါရီလ ၈ ရက်နေ့၌ ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းဝန်းတွင် စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိသော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းဖြစ်ပါတယ်။
• ဖေဇော်ဝါရီလ ၈ ရက်နေ့၌ ရွှေဘိုမြို့ပေါ်ရှိ ခရိုင်ရဲရုံးအတွင်း စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိဘဲ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်အနီးတွင် PDF များ၏ Drone ၁ စီးအား Drone Gun ဖြင့် ပစ်ချသိမ်းဆည်းခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ စိတ်ကူးယဉ်ကာ အမြတ်ရေးသားဖြင်းသာဖြစ်ပါတယ်။
• ဖေဇော်ဝါရီလ ၈ ရက်နေ့၌ သံတောင်ကြီး မြို့နယ်၊ တောင်ငူ-လိပ်သိုလ်လမ်းပိုင်း၊ ကျောက်လုံးကြီးရွာတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်၍ အမြတ်ရေးသားဖြင်းသာဖြစ်ပါတယ်။
• ဖေဇော်ဝါရီလ ၈ ရက်နေ့၌ နွားထိုးကြီး မြို့နယ်၊ ပြင်စည်ကျေးရွာနှင့် ရဲစခန်းတို့တွင် စကစတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသော်လည်း Khit Thit မှ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ စကစတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ အမြတ်ထုတ်ရေးသားဖြင်းသာဖြစ်ပါတယ်။
• ဖေဇော်ဝါရီလ ၇ ရက်နေ့၌ နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာအနီးတွင် စကစတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိသော်လည်း Khit Thit မှ ပုံကြီးချဲ့၍ စကစတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားခြင်းသာဖြစ်ပါတယ်။
• ဖေဇော်ဝါရီလ ၆ ရက်နေ့၌ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ထားဝယ်မြစ်ကြောင်းအတွင်း စကစတပ်ရေယာဉ်အား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာတွင် ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားခြင်းသာဖြစ်ပါတယ်။
• ဖေဇော်ဝါရီလ ၇ ရက်နေ့၌ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာတွင် စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့ဘဲ မြေလတ်အသံ မှ စကစတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရလို့ အရာရှိအပါအဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။
FACT-CHECK