ပဲခူးမြို့ပေါ် လူစည်ကားသည့် နေရာများအား ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည့် DSRB အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ၁၀၇ မမရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းတည်ငြိမ်နေသည့် အခြေအနေမျိုးကို လက်မခံနိုင်ပဲ ယုတ်မာစွာဖောက်ခွဲဖျက်ဆီး ဖို့ ကြံနေတာပဲဖြစ်ပါတယ်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲသည် အများပြည်သူများ ပျော်ရွှင်စွာကြည့်ရှုမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် ညတွင် ပဲခူးမြိုပေါ်ရှိ လူစည်ကားသည့် နေရာများအား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပိုချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်၊ ကမာနတ်ခကျေးရွာအနီး ပဲခူး- သနပ္ပင်လမ်းဆုံ၌ ယာဉ်အမှတ်၊ RLG-4563 Nissan March ခဲရောင်မော်တော်ယာဉ်ပေါ်မှ Dark Side Revolution Burma-DSRB အမည်ခံအကြမ်းဖက်အဖွဲဝင်များဖြစ်သည့် ထက်နောင်နောင် (ခ) နောင်နောင်၊ အောင်နိုင်မျိုး၊ ကျော်ကျော်၊ လှဦး၊ ကေသီ နှင့် ဂျူးသောဘန (ခ) သာကျော်ဌေးတို ၆ ဦးအား KIA အဖွဲမှ ထုတ်လုပ်သည့် ၁၀၇ မမရှော့တိုက်ဒုံး ၁ဝ လုံး၊ စနက်တံ ၁ဝ ခုတိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အောင်နိုင်မျိုး၏ ထွက်ဆိုချက်အရ ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြိုနယ်၊ ရေတံခါးတာဝကျေးရွာရှိ ၎င်း၏နေအိမ်ခြံဝန်းအတွင်း၌ လက်နက်/ ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲမှ သွားရောက်ရှာဖွေခဲ့ရာ ၄ဝ မမလက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတိုအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦး၊ မ ၁ ဦးတိုအား KIA အဖွဲမှ ထုတ်လုပ်သည့် ၁၀၇ မမရှော့တိုက်ဒုံး ၁၀ လုံး၊ စနက်တံ ၁၀ ခု၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၁ လုံးတိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။