ပူးပေါင်းကာကွယ် အကြမ်းဖက်အန္တရာယ်

တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ စစ်သားတွေက အဓိကကျတာမှန်ပေမယ့် သူတို့ကြီးပဲ ကာကွယ်ရမှာတော့မဟုတ်ဘူး။ တိုင်းပြည်မှာရှိတဲ့ ပြည်သူတိုင်းနဲ့လည်း ဆိုင်ပါတယ်။ အကြမ်းဖက်အန္တရာယ်ကို လူတိုင်းပူးပေါင်း ကာကွယ်ရမှာပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ပြည်ပစစ်လိုမျိုး ဒါမှမဟုတ် လက်ရှိ မြန်မာနိုင်ငံဖြစ်နေတဲ့ အနေအထားမျိုးမှာ ပြည်သူတွေနဲ့ တပ်မတော်သားတွေ ပူးပေါင်းကာကွယ်ရမှာပဲ ဖြစ်တယ်။ အကြမ်းဖက်သမားများအနေဖြင့် စစ်သည်/လူထုမခွဲခြားပဲ အားလုံးကို ရန်သူလို သဘောထားနေတာကြောင့် အကြမ်းဖက်သမားတွေ ချုပ်ငြိမ်းဖို့ ပြည်သူထူထုအားလုံးပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်လာကြတာပဲ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်လာတဲ့နေရာမှာ ပအိုဝ်းတိုင်းရင်းသားအဖွဲ့တွေ၊ လားရှိုးမြို့က အကြမ်းဖက်ကို မလိုလားတဲ့ ပြည်သူလူထုတွေကလည်း ယခုဆို တပ်မတော်နှင့်အတူ ပူးပေါင်း ပါဝင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။