တပ်မတော်၊ PNO တပ်များနှင့် ပူးပေါင်းရန် RCSS တပ်ဖွဲ့များ ချီတက်လာ

-ဇန်နဝါရီလ ၂၇ ရက် ၁၂၀၀ ချိန် PNLO/A အင်အား ၂၀၀ ခန့်သည် ဆီဆိုင်မြို့နယ်၊ ဘန်နောင်ကားရွာ (အယ်လ်စီ- ၃၁၀၄၈၅) သို့ ရောက်ရှိလာပြီး ၁၃၀၀ မှ ၁၄၁၅ ချိန်ထိ ရွာသား (၃၀) ဦးခန့်အား ခေါ်ယူတွေ့ဆုံ၍ ဇန် ၂၈ တွင် လူငယ်များ PNLO/A အဖွဲ့သို့ စစ်မှုမထမ်းမနေရ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားကာ ၎င်းကျေးရွာ၌ ဆက်လက် ခိုအောင်းလှုပ်ရှားလျက်ရှိ။

-ဇန်နဝါရီလ ၂၇ ရက် ၀၉၂၀ ချိန် မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေး ရွာ (LC-544050)၏ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာ (LC-530062)အနီးသို့ RCSS/SSA တပ်ရင်းမှူးအဆင့်ရှိ မုနိ ခေါင်းဆောင် အင်အား ၂၀၀ ခန့်သည် ပျောက်ကြားဝတ်စုံ ဝတ်/ လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့။

-၎င်းအဖွဲ့သည် ကဒူးကြီးကျေးရွာအနီး အခပ နေသော RCSS/SSA အဖွဲ့မှ ၎င်းတို့အဆင့် ဗိုလ်မှူး ရွက်ဖ ခေါင်း ဆောင် အင်အား၈၀ခန့်နှင့်ပူးပေါင်းပြီး ကဒူးကြီး-ကဒူးလေးနယ်မြေမှတဆင့် ဆီဆိုင်တွင်ရောက်ရှိနေသည့် KNDF နဲ့ PNLO အဖွဲ့တွေကိုနောက်ပိုးသိပ် ဝိုင်းပတ်တိုက်ခိုက်ရန်ဆက်လက်ချီတက်လာကြောင်းသိရ။