ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့မှာ ကျင်းပနေတဲ့ ရေငံပိုင်ဦးရှင်ကြီးပွဲတော်ဟာ ဒေသတွင်းက လာရောက်သူတွေနဲ့ စည်ကားလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ရေငံပိုင်ဦးရှင်ကြီးပွဲတော်ဟာ တလုတ္ထော်မြို့မှာ နှစ်စဉ်ကျင်းပနေကျ ထင်ရှားကျော်ကြားတဲ့ နတ်ရိုးရာယုံကြည်မှုပွဲတော်တစ်ခုဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်ကနေ ဇန်နဝါရီ ၂၅ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

