ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လက်နက်မှောင်ခိုသမားများ မီးရှိုခဲ့မှုကြောင့် ကားများ မီးလောင်ပေါက်ကွဲ၍ ရွာအတွင်း မီးကူးစက်ကာ လောင်ကျွမ်းခဲ့ရတဲ့ အိမ်ထောင်စု ၂၇ စုအား ဒေသဦးစီးဥက္ကဌအဖွဲ့နှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များ ကနဦး ထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။



