ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မုံရွာမြို၊ ရန်ကင်းရပ်ကွက်နေ ဦးအောင်အောင် (၄၂ နှစ်)၊ (အိမ်ခြံမြေ အကျိုး ဆောင်)နှင့် ဇနီးဖြစ်သူ ဒေါ်မိုးမိုးသက်(၄၃ နှစ်)၊ ဦးကျော်နေထွန်း (၃၈ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်သင်းသင်းထွေး(၃၇ နှစ်)တို့ ၄ ဦးသည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအမျိုးသား ၄ ဦးမှ HONDA FIT မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး လက်နက်များကိုင်ဆောင်ကာ နေအိမ် အတွင်းသို့ ဝင်ရောက်၍ ဦးအောင်အောင်တို့ ၄ ဦးအား နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်း၌ စုထိုင်ခိုင်း၍ “အော်ရင်သတ်ပစ်မည်”ဟု ခြိမ်း ခြောက်ပြောဆိုကာ နေအိမ်အပေါ် ထပ်ရှိ အိပ်ခန်းအတွင်းမှ ငွေကျပ် ၂၀၀ သိန်း၊ Alexandre Christie နာရီ ၃ လုံးအပါအဝင် စုစုပေါင်းနာရီ ၈ လုံး၊ iphone အမျိုးအစား လက်ကိုင်ဖုန်း ၅ လုံးနှင့် SAMSUNG အမျိုးအစား လက် ကိုင်ဖုန်း ၁ လုံး၊ CLICK အမျိုးအ စားဆိုင်ကယ် ၁ စီးတို့ အား လုယက်ယူဆောင်ကာ ဒေါ်သင်းသင်းထွေးအားဖမ်းဆီးခေါင်ဆောင်သွားပြီး ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်မောင်းထွက်စဉ် ဒေါ်သင်းသင်းထွေးမှာ ကားပေါ်မှခုန်ချခဲ့ကြောင်း သိရပါတယ်။ #Crd
Related Posts
ရှမ်းမြောက်၊ မုံကိုး-ဖောင်းဆိုင်ဒေသ၌ MNDAAနှင့် ထိတွေ့မှုဖြစ်ပွား
- ရှင်ယွန်း
- March 20, 2023
မတ်လ ၁၉ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုး ဖောင်းဆိုင် ဒေသ၌ တပ်မတော်တပ်ဖွဲ့ဝင်များသည် စခန်းအနီးဝန်းကျင်၌ လုံခြုံရေးဆောင်ရွက်နေစဉ် MNDAA သောင်းကျန်းသူ ၂ ဦးအား တွေ့ရှိသဖြင့် […]
အုတ်တွင်းတွင် အကြမ်းဖက်သမားများ၏ ဒရုန်းတစ်စီးအား သိမ်းဆည်းရရှိ
- admin
- November 27, 2023
နိုဝင်ဘာ ၂၇ ရက် ယနေ့ နေ့လည် ၁နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်းရှိ မြို့စိုးတံတားအားအကြမ်းဖက် KNU/PDF အကြမ်းဖက်များမှ Drone ဖြင့် ဗုံးချတိုက်ခိုက်ရန်ပျံသန်းလာစဉ်တံတားလုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်များမှ […]
မသမာသူတို့ သွားရာလမ်း
- ပုည
- July 12, 2023
ဇူလိုင်လ ၁၁ရက်နေ့က ချင်းပြည်နယ်၊တီးတိန့်နယ်၊သိုင်းငင်းရွာရှိတပ်မတော်စခန်းကို လာရောက်တိုက်ခိုက်ခဲ့သော CNF/PDF အဖွဲ့ဝင် ၄ယောက် သေဆုံးခဲ့သလို အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။