ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောအုပ်စု၊ အုန်းပေါင်ကျေးရွာရှိ Top star စက်သုံးဆီဆိုင်၌ ဇန်နဝါရီလ ၁၆ ရက်က စက်သုံးဆီသယ်ကားနှစ်စီး ရှန်တိန်လုပ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် စက်သုံးဆီတင် (၁၂) ဘီးကားတစ်စီးနှင့် ဆီပေပါအလုံးတစ်ရာကျော် ဆုံးရှုးခဲ့သလို စက်သုံးဆီအရောင်းဆိုင်အတွင်းပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟု သိရပြီး မီးလောင်ကျွမ်းချိန် မိနစ်(၄၀)ကျော်ကြာမြင့်ခဲ့ကာ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရပါတယ်။ #Crd


