ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာရှိတဲ့ ခလရ (၁၂၃) ကို KIA / PDF အကြမ်းဖက်သောင်းကျန်းသူတွေပူးပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်း စတင်တိုက်ခိုက်နေကြောင်း သိရပါတယ်။ KIA / PDF အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဒီဇင်ဘာလကုန်ခါနီးကတည်းက တိုက်ခိုက်နေသော်လည်း ယနေ့အချိန်အထိ ခလရ (၁၂၃) ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိပဲ ထိခိုက်ကျဆုံးများနေကြောင်းသိရပါတယ်။ ပြည်ဖျက်မီဒီယာ Khit Thit ကနေ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ KIA / PDF အကြမ်းဖက်သမားတွေဟာ ခလရ (၁၂၃) ကို သိမ်းပိုက်ရရှိလို့ စစ်သည်မိသားစုဝင်များ စိတ်ဓာတ်ပျက်ပြားအောင် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်.။ တကယ်မြေပြင်မှာတော့ ယနေ့အချိန်အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA / PDF အကြမ်းဖက်သောင်းကျန်းသူအများအပြားသေဆုံးနေပြီး အလောင်းတောင်မကောက်နိုင်ပဲပုံနေကြောင်း တပ်တွင်းသတင်းအရသိရပါတယ်။
Related Posts
လွိုင်လင်လေးမှာ အကြမ်းဖက် ၁ ဦးသေဆုံး
- အေးခင်
- June 4, 2024
ဇွန်လ ၂ ရက်နေ့တွင် လွိုင်လင်လေးမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် ပြန် လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။ […]
ပင်းတယတိုက်ပွဲသတင်း
- admin
- December 3, 2024
ဒီဇင်ဘာ ၂ ရက်က ရှမ်းပြည်(တောင်ပိုင်း) ပင်းတယမြို့၏ အရှေ့မြောက်ဘက် နန့်အင်းကျေးရွာအနီး၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့များနှင့် RCSS/SSA အင်အား ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်းမှ- RCSS/SSA […]
တပ်မတော်စစ်ကြောင်းများမှ အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့် ဂူတာပြင်စခန်းတိုက်ပွဲ
- admin
- November 1, 2022
မောင်တောမြိုနယ်၊ ဂူတာပြင်ရွာအနောက်ဘက်ရှိ AA သောင်းကျန်းသူအဖွဲ အင်အား ၂၀၀ နီးပါးထိုင်နေသည့် စခန်းကုန်းအား အောက်တိုဘာ ၃၁ ရက်နေ့ နေ့လည်ပိုင်းမှစ၍ ဂျက်လေယဉ်၊ လက်နက်ကြီးများဖြင့် အမှုန့်ချေတိုက်ခိုက်ခိုက်ခဲ့ပြီး […]