(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကျဉ်းထောင်/အချုပ်ထောင်စခန်းအသီး သီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၉၆၅၂ ယောက်ကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို ဆက်လက် ကျခံရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်တွေလျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုတဲ့ အနေနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေး ထားတဲ့အနေနဲ့ အကျဉ်းထောင်/အချုပ်ထောင်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၁၄ ယောက်ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။






