ယခု ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံးအကြိမ် ကြယ်မိုးရွာခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်တွေ့ရမှာဖြစ်တယ်လို့ MASES – Myanmar Astronomy & Science Enthusiasts Society ထံက သိရပါတယ်။
အဆိုပါကြယ်မိုးရွာခြင်းဖြစ်စဉ်သည် ဇန်နဝါရီလ ၃ ရက် ညပိုင်းကနေ ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်း နေမထွက်ခင်အချိန်တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
“Quadrantids Meteor Shower ကနေ ကျဆင်းတဲ့ ကျောက်ခဲတွေကတော့ 2003 EH1 လိုအမည်ပေးထားတဲ့ ဥက္ကာပျံတစ်ခုကနေ ကျန်ရစ်ခဲ့တဲ့ ကျောက်ခဲလေးတွေဖြစ်တယ်လို ယူဆထားကြပါတယ်။ ၁၈၂၅ ခုနှစ်မှာ ဒီ ကြယ်မိုးရွာခြင်းကို စတင်တွေ့ရှိခဲ့ရပါတယ်”လို့ ဆိုပါတယ်။
ကြယ်မိုးကျဆင်းခြင်း အများဆုံးအချိန်အနေနဲ့ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီခန့်ကနေ ၅ ရက်နေ့ မနက်ပိုင်း နေမထွက်ခင်အချိန်အထိ ဖြစ်တယ်လို ခန့်မှန်းထားကြောင်းသိရပါတယ်။


