ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့သည့် သင်္ဘောအစင်းရေ ၆၂၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အချက် အလက်များအရ သိရပါတယ်။ အလားတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီအတွက် ကုန်သေတ္တာသင်္ဘော အစင်းရေ ၄၉ စင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း လအလိုက် ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ် ကုန် သွယ်မှုအနေဖြင့် ဇန်နဝါရီလတွင် ၅၂ စင်း၊ ဖေဖော်ဝါရီလတွင် ၅၁ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၆ စင်း၊ ဇွန်လတွင် ၅၇ စင်း၊ ဇူလိုင်လတွင် ၅၃ စင်း၊ ဩဂုတ်လတွင် ၅၄ စင်း၊ စက်တင်ဘာလတွင် ၅၃ စင်း၊ အောက်တို ဘာလတွင် ၄၉ စင်း၊ နိုဝင်ဘာလတွင် အစင်း ၅၀ နှင့် ဒီဇင်ဘာတွင် ၄၉ စင်း စုစုပေါင်း ၆၂၉ စင်း ဆိုက်ကပ် ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
Related Posts
သံသရာဖို့ စိတ်အေးရပါစေ
- အေးခင်
- May 12, 2024
အပြစ်ပြောခြင်းနေရာမှာကိုယ်ချင်းစာတရားနဲ့အစားထိုးပါ ။ မကောင်းမြင်ခြင်းရဲ့နေရာမှာအကောင်းမြင်စိတ်ကို အစားထိုးပါ ။ အမုန်းအငြိုးတွေရဲ့နေရာမှာမေတ္တာတရားနဲ့ အစားထိုးပေးပါ ။ တုန့်ပြန်ခြင်းရဲ့နေရာမှာသည်းခံခြင်းဖြင့် အစားထိုးပါ ။ တိုက်ခိုက်ခြင်းရဲ့နေရာမှာခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူလိုက်ပါ ။ စိတ်ညစ်ခြင်းရဲ့နေရာမှာမမြဲခြင်းအသိနဲ့ […]
ဆီစက်လုပ်ငန်းအောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိ
- admin
- August 21, 2024
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် […]
ပြည်သူ့စစ်မှုထမ်းသင်တန်းသားများရဲ့ လက်နက်ငယ်သင်ခန်းစာ လေ့ကျင့်နေမှုများ
- admin
- November 13, 2024
ပြည်သူ့စစ်မှုထမ်းသင်တန်းသားများရဲ့ လက်နက်ငယ်သင်ခန်းစာ လေ့ကျင့်နေမှုပုံရိပ်များပဲ ဖြစ်ပါတယ်။ တပ်မတော်ထဲသို့ ဝင်ရောက်လာသည့် ပြည်သူ့စစ်မှုထမ်းလူငယ်များအနေဖြင့် တပ်မတော်မှ သင်ကြားပေးသည့် စစ်ပညာများကို အပတ်တကုတ်ဆည်းပူးလေ့လာပြီး အကြမ်းဖက်ရန်စွယ်မှန်သမျှ ချေမှုန်းဖို့ စိတ်အားတက်သန်နေကြကြောင်းလည်း သိရပါတယ်။