၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်ကြေး ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်သက်တမ်း ယခင် ၆ လအစား ၂ နှစ်အထိ ခွင့်ပြုမည်ဖြစ်ပြီး ၂ နှစ်သက်တမ်းအတွက် အများဆုံး ကျပ် ၇၀,၀၀၀ သာ ကောက်ခံမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၈ ရက်တွင် အသိပေး ကြေညာထားကြောင်းသိရပါတယ်။
