သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာဒေသခံများအား တပ်မတော်မှ ဖမ်းဆီးခြင်းမရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငါးတန့်အိုင်ကျေးရွာသို့ တပ်မတော်သားများသည် ဒီဇင်ဘာ၂၇ ရက် မနက် ၉ နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့ပြီး ဒေသခံ ရွာသူ၊ ရွာသား ၈၃ ဦးအား ကျေးရွာရှိဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း မဟုတ်မမှန် သတင်းအမှားများကို ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရပါတယ်။