ဒီဇင်ဘာလ ၁၅ ရက်နေ့တိုက်ပွဲသတင်းများ

(၁) ကချင်ပြည်နယ်၊ တာလောကြီး(ပသစ)ရွာအား မနက် ၆ နာရီခန့်တွင် KIA+ အကြမ်းဖက်သမား အင်အား ၂၀၀ ဦးခန့်သည် ကားများဖြင့်ရောက်ရှိလာပြီး ပြည်သူ့စစ်ရုံးအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရွာသားများအား လူသားတံတိုင်းအဖြစ်ဖမ်းဆီးထား၊ အလားတူ ရွှေညောင်ပင် ပြည်သူ့စစ်စခန်းအား KIA အင်အား ၄၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ လေကြောင်းပစ်ကူယူ၍ ရှင်းလင်းခဲ့ရကာ ရွှေညောင်ပင် စခန်းအား လာရောက်တိုက်ခိုက်သော အကြမ်းဖက်သူများ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

(၂) ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဘုရားရှိခိုးကျောင်းကို မနက် ၇ နာရီခွဲခန့်က KNPP ၇ ဦးတို့သည် အဝေးမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဘုရားကျောင်း မှန်ပြတင်းအချို့ ပျက်စီးခဲ့ကြောင်း သိရှိရ။
(၃) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီးရှိ ခက်တောင်တွင် နေ့လည် ၁၁ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့များနှင့် KIA+PDF ၅၀ ဦးခန့်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း M-22 ၁ လက်၊ ကျည်ဆံများ၊ ဘန်ကာ ၄ လုံး၊ ပစ်ကျင်း ၁၅ ကျင်း သိမ်းဆည်းရမိပြီး စစ်သည် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

(၄) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကင်းမွန်တော်ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့များအား Drone ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့၍ ပြန်လည်ပစ်ခတ်ခဲ့ရာ Drone ၁ စီး သိမ်းဆည်းရမိ၊ စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။