ယာယီနေရပ်စွန့်ခွာနေရသူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပစ္စည်းများပေးအပ်လျက်ရှိ

ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တပ်မတော်နှင့် မျောက်သုံးကောင်အကြမ်းဖက်အဖွဲ့များ၏ တိုက်ပွဲများအတွင်း အကြမ်းဖက်သမားများမှ နယ်မြေခံပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိတာကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။ အဆိုပါ စစ်ရှောင်ပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံပစ္စည်းများ ပေးအပ်လျက်ရှိသကဲ့သို့ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လားရှိုးတပ်နယ်သို့ သွားရောက်စစ်ဆေးစဉ်အတွင်းမှာလည်း စစ်ရှောင်နေရာများအထိသွားရောက်ပြီး တွေ့ဆုံအားပေးမှုများ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ထောက်ပံ့ငွေစုစုပေါင်းမှာ ၇၇၁ဒသမ ၇၅ သိန်းရှိပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။