လွိုင်ကော်၊ သိရိမင်္ဂလာ(တောင်ဈေး)အနီး လုံခြုံရေးဆောင်ရွက်နေသော လခရ တပ်ဖွဲ့ဝင်များအား KNPP/KNDF/PDF/ကလလတ(တောခို) အကြမ်းဖက်ပူပေါင်းအဖွဲ့မှာ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် တိုက်ခိုက်ခဲ့ရာ
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် အကြမ်းဖက်ပူးပေါင်းအဖွဲ့မှာ တောင်ဈေးအတွင်းရှိ ဆိုင်ခန်းများကို
မီးရှို့ပြီး ဈေးအနောက်ဖက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ချိန် လခရတပ်ဖွဲ့ဝင်များ ရန်သူနောက် ထပ်ချပ်လိုက်ခြင်းမရှိဘဲ
ဈေးအတွင်း မီးလောင်နေသော ဆိုင်ခန်းများကို ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရှိရပါတယ်။