ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(YMBA)ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တတိလောကဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။
ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်း(YMBA)ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
