ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် ချီးမြှင့်အပ်နှင်းတဲ့ Order of Alexander Nevsky ဘွဲ့တံဆိပ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV က ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းခဲ့ခြင်း ဖြစ်ပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား Order of Alexander Nevsky ဘွဲ့တံဆိပ်ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား Order of Friendship ဘွဲ့တံဆိပ်ကိုလည်းကောင်း ချီးမြှင့်အပ်နှင်းခြင်းဖြစ်တယ်လို့ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV က ပြောပါတယ်။





