မြစ်ကြီးနားမြို့နှင့် ကော့သောင်းမြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ခေမာသီဝံပရိယတ္တိ စာသင်တိုက်၌ ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။