မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷အကျိုးရှိသူနှင့်အကျိုးမရှိသူ🌷

သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
ဘဝတစ်ခုကို ဖြတ်သန်းပြီး
အချိန်ကုန်ကြရမှာကတော့
အတူတူပဲ

သို့သော်
အချိန်ကုန်တာချင်းတူပေမယ့်

အကျိုးရှိသူနဲ့
အကျိုးမရှိတဲ့သူဆိုပြီး
နှစ်မျိုးရှိတယ်…

ကောင်းကျိုးချမ်းသာတွေကို
ရအောင်ယူနိုင်တဲ့ ပုဂ္ဂိုလ်ဟာ
အကျိုးရှိတဲ့သူ ဖြစ်ပြီး
လူလိမ္မာ ပညာရှိ ဖြစ်တယ်။

ကိုယ့်ဘဝခရီးမှာ
ကောင်းကျိုးချမ်းသာတွေကို
ရအောင် မယူနိုင်ဘူးဆိုရင်
ဒီပုဂ္ဂိုလ်ဟာ
အကျိုးမရှိသူ ဖြစ်ပြီး
ဘဝတစ်ခု ဆုံးရှုံးနစ်နာတဲ့သူ
ဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး