ကိုယ့်ရဲ့အားကိုးရာဟာကိုယ်ပါ
ဘာပဲဖြစ်ဖြစ် ပြီးသွားမှာပါလို့
လက်ခံထားတတ်လာတဲ့အခါ
ချစ်ခြင်းမုန်းခြင်းတွေလောက်နဲ့
ဘ၀အချိန်ကို မဖြုန်းပစ်ချင်တော့ဘူး ။
ကဲ့ရဲ့တိုက်ခိုက်မှုတွေကိုလည်း
ဂရုစိုက်ပြီး မခံစားချင်တော့ဘူး ။
မနာလို ပြိုင်ဆိုင်ခြင်းတွေကိုလည်း
စိတ်ထဲမှာ မထားချင်တော့ဘူး ။
လွတ်လပ်ခြင်း အေးချမ်းခြင်းရဲ့
အရသာကဘာလဲဆိုတာကို
စိတ်၀င်စားပြီးတော့ ရှာချင်နေမိတယ် ။
အဓိကနှင့်သာမညအနှစ်နှင့်အကာ
ဘယ်အရာက ကိုယ့်အတွက်
အရေးပါလဲလို့ ဆင်ခြင်ပြီးနေတယ် ။
တစ်ယောက်ထဲ
ဘယ်ဘ၀ကိုသွားရမယ်မှန်းမသိလို့
ကိုယ့်ဘ၀အတွက်ပဲ ပူမိတယ် ။
အဲ့ဒါကြောင့် အရွယ်ရလာလေလေ
ကုသိုလ်တရားမြဲအောင်နေပါ ။
အများတာ၀န်တွေကျေတာထက်
ကိုယ်ဟာ ကိုယ့်ဘ၀အတွက်
အားကိုးရာရပြီတာ၀န်ကျေဖို့လိုပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏