၁၉.၁၁.၂၀၂၃ရက်နေ့ မနေ့က မနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘူးလယ်ဒေသ၊ ကမြိုင်ဆွဲကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် လူမနေထိုင်သည့်နေအိမ် ၂ လုံးအတွင်းမှ လက်နက်၊ ခဲယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။








