

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၈၃ ဦး တို့ကို အဆိုပါကျေးရွာရှိ စံပယ်ခြံတပ်ဦးကျောင်းတိုက်၌ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ မြင်းဝန်မင်းကြီးကျောင်း တိုက်မှ သံဃာတော် ၁၄၈ ပါး တို့ကို အဆိုပါကျောင်းတိုက်၌ လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။