မြိုင်ဝေတောကြီး၊ ဤခရီးဝယ်
ချည်းနှီးသက်သက်၊ သေသော့ထက်ကား
ဆက်လက်တညီ၊ တစီတလျဉ်
သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်
တစစ်တမက်၊ ကိုယ်နှင့်သက်ကို
နှင်းဆက်တိုက်မည်၊ အားသံရည်၍
ဦးလည်မသုန်၊ ထမ်းပါကုန်လော့ . . .
ရဲဝံ့စွန့်စား ပြည်ချစ်သားတို့ တိုက်ပွဲတိုင်းအောင်ပါစေ
