အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း အခမ်းအနားများကို ကျင်းပလျက်ရှိရာ နိုဝင်ဘာလ ၁ ရက်မှ ၁၀ ရက်ထိ စေတနာရှင် အလှူရှင်များ၏ ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၈၆,၆၅၉ သိန်းအား ပေးအပ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။
