ယနေ့မနက်အစောပိုင်းက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Madison Square Garden တွင်ကျင်းပခဲ့သည့် UFC 295 ပြိုင်ပွဲတွင် မြန်မာနိုင်ငံဖွား၊ ချင်းလူမျိုးဖိုက်တာ ဂျိုရှူအာဗန်က ပြိုင်ဘက် ပီရူးဖိုက်တာ ကီဗင်ဘိုးဟိုစ်အား အမှတ်ဖြင့်အနိုင်ရခဲ့ကြောင်းသိရသည်။
ယခုပွဲစဥ်သည် ဂျိုရှူအာဗန်အတွက် UFC ကစားသမားဘ၀ ဒုတိယမြောက်ယှဥ်ပြိုင်ထိုးသတ်သည့်ပွဲစဥ်ဖြစ်ပြီး အမှတ်ပေးဒိုင် (၃) ဦးစလုံးက အနိုင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Photos: Facebook and X

