အီရန်ကျောထောက်နောက်ခံပေးထားသော လက်နက်ကိုင်အဖွဲ့ များအသုံးပြုနေသည့် ဆီးရီးယားအရှေ့ပိုင်းရှိ လက်နက်သိုလှောင်ရုံတစ်ခုကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ယင်း ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ များ၏ အခြေစိုက်စခန်းများကို လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း တိုက်ခိုက်ခံရမှုများ ရှိလာနေသည့်အတွက် လက်တုံပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။
ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် လေကြောင်း တိုက်ခိုက်မှုအတွင်း အမေရိကန် F-15 တိုက်လေယာဉ်နှစ်စင်းသည် အဆိုပါ လက်နက်သိုလှောင်ရုံပေါ်သို့ ဗုံးအချို့ ချခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။