မြင်းခြံတွင် တပ်ဖွဲ့ ဝင်များက ပစ်ခတ်လို့ ကလေး သေတယ်လို့ သတင်းအမှားရေး

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် မြင်းခြံမြို့ နယ်၊ ပျားရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော် က အနီးအနားရှိ ပျားရွာကို ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် မရွှင်းလဲ့ချို သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ *** နိုဝင်ဘာလ ၇ ရက်နေ့၌ မြင်းခြံမြို့ နယ်၊ ပျားရွာအနီးတွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တပ်ဖွဲ့ ဝင်များနှင့် PDF အဖွဲ့ များ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး PDF ၅လောင်း၊ လက်လုပ် သေနတ် ၃လက်၊ လက်လုပ် မိုင်း ၄လုံး၊ ဒီတိုနေတာ ၃ခု၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာ ၁ ခွေ၊ စကားပြောစက် ၁ လုံးတို့ အား တပ်ဖွဲ့ ဝင်များက သိမ်းဆည်းသွားကြကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ တိုက်ပွဲဖြစ်လို့ PDF တွေ သေတာကိုအမှန်မရေးဘဲ Khit Thit မှတပ်ဖွဲ့ ဝင်များကို အများပြည်သူများ အထင်အမြင်မှားအောင် အပုတ်ချကာ တစ်ဖက်လှည့်လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။