ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လွယ်ဘွားလ် (Lawi Bual) ရပ်ကွက်၊ အထက (၂) လမ်းခွဲအနီး တွင် PDF အဖွဲ့ဝင်များ စီးလာသည့် ကားမှ မိုင်းပေါက်ကွဲမှုကြောင့် PDF (၂)ဦး သေဆုံးသွားကာ နေအိမ် (၅) လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
နိုဝင်ဘာလ (၇)ရက် ညနေ (၆)နာရီခန့်က PDF အဖွဲ့ဝင်များ စီးလာသည့်ကားမှ မိုင်းမတော်တဆမှုဖြစ်ပွါးပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အနီးရှိ နေအိမ် (၅)လုံး ထိခိုက်ပျက်စီးမှုများ ဖြစ်ပွါးခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် PDF အဖွဲ့ဝင်များ စီးလာသည့် SURF အမျိုးအစား ကားတစ်စီးလုံး ပျက်စီးသွားပြီး PDF အဖွဲ့ဝင်များလည်း အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားကြောင်းသိရသည်။
လက်ရှိအချိန်တွင် အပျက်အစီးများထဲ၌ PDF အဖွဲ့ဝင်များ၏ အသားစများ ပြန့်ကျဲနေသဖြင့် အလောင်းကို လုံးဝကောက်ယူ၍ မရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


