ရိုးရာလက်ဝှေ့သမား ဒေ့ဗ်သည် ခွန်ခမာစိန်ခေါ်ပွဲတွင် ကမ္ဘောဒီးယားချန်ပီယံ ပရွမ်ဆမ်နမ်နှင့် ထိုးသတ်ခဲ့ပြီး သရေကျခဲ့ကြောင်း သိရသည်။
ယင်းပွဲတွင် လက်ဝှေ့ သိုမဟုတ် ခွန်ခမာစည်းမျဉ်းကို ကျင့်သုံးခြင်းမရှိဘဲ သီးခြားစည်းမျဉ်းဖြင့် (၉)မိနစ် တစ်ချီသာ ထိုးသတ်ခဲ့ပြီး ဒေ့ဗ်အနေဖြင့် ဆမ်နမ်ကို နှစ်ကြိမ်တိုင်လဲကျအောင် ထိုးသတ်နိုင်ခဲ့ကာ လက်ရည်အသာစီးဖြင့် ထိုးသတ်နိုင်သော်လည်း အမှတ်ပေးစနစ်မရှိခြင်းကြောင့် သရေကျခဲ့ခြင်းဖြစ်သည်။
ယခုပွဲမှာ ဒေ့ဗ်အတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နောက်ဆုံးထိုးသတ်သည့်ပွဲဖြစ်ကြောင်း သိရသည်။



