အီရန်နိုင်ငံက ၎င်းတို့အပေါ် အမေရိကန်နှင့်အစ္စရေးတို့ တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သည့်နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘာရိန်း၊ ကာတာနှင့် ဂျော်ဒန်နိုင်ငံတို့ထံမှ လျော်ကြေးတောင်းထားသည်ဟု သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဂျမယ်ဖားရက်စ်ထံသို့ ဧပြီ ၁၃ ရက်က ပေးပို့ခဲ့သည့်စာထဲတွင် အီရန်သံအမတ်ကြီး အမီဆာအိဒ် အီရာဗာနီက အဆိုပါ အာရပ်ငါးနိုင်ငံသည် အီရန်အပေါ်…