





၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်ပြသရောင်းချလျက်ရှိရာ ပြပွဲ၏ဖွင့်ပွဲအခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌတက်ရောက်ခဲ့ပြီး ကျောက်မျက်ရတနာပြပွဲများကျင်းပရောင်းချခဲ့မှု၊ မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့်ရောင်းချနိုင်မှု၊ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းတို့ကိုကြည့်ရှုပြီးနောက် ပြပွဲ၌ရောင်းချရန် ပြသထားသည့် ကျောက်စိမ်း၊ကျောက်မျက်အတွဲများနှင့်ပုလဲအ တွဲများကို ကြည့်ရှုခဲ့သည်။