တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလို သော ရည်ရွယ်ချက်များဖြင့် KIA တပ်မဟာ(၆)လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များ က အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ် ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ တပ်မတော်မှ နယ်မြေထိန်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ(၃)နေရာမှ အင်အားအလုံး အရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူအင်အား များပြားလာမှုကြောင့် စစ်ကူ စစ်ကြောင်းများ မရောက်မှီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်းနေရာအား ပြန်လည်သိမ်းပိုက်နိုင် ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။