မြေလတ်အသံကရေးတဲ့ စစ်သား ၅၀ ကျော် သေတယ်ဆိုတဲ့ ဂျင်းသတင်း

အောက်တိုဘာ ၉ ရက်က လုံခြုံရေးတပ်များ အထိုင်ချတပ်စွဲထားတဲ့ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်ကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ဘလူခရိုင် PDF တပ်ရင်းတွေက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ ငှက်ပျောတိုင်ရွာအနီးအနားက ကျေးရွာတွေကို အခုလို ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်နဲ့ ပျူစောထီး စုစုပေါင်း ၅၀ ကျော်သေဆုံးပြီး တချို့က ဒဏ်ရာရထွက်ပြေးသွားကြတယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၉ ရက်နေ့၌ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်ကျေးရွာရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် လုံခြုံရေးယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ချောင်းမြောင်းကာ တိုက်ခိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းမျာအရ သိရှိခဲ့ရပါတယ်။ မြေလတ်အသံ မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးတယ်လို့ စိတ်ကူးယဉ်ပြီး လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါသည်။