



တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား၌ ဖျော်ဖြေကပြကြမည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲများ နေပြည်တော်သိုရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ (၁၅) ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) ၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းအခမ်းအနား၌ ပြည်နယ် (၇) ခုမှ တိုင်းရင်းသားများက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေကြမည်ဖြစ်ရာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များသည် အောက်တိုဘာ (၉) ရက်နှင့် (၁၀) ရက်တိုတွင် နေပြည်တော်သို့ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။