




ဂါဇာကမ်းမြောင်ဒေသေမှနေ၍ ဒုံးကျည် ၂ထောင်ကျော် အစ္စရေးနိုင်ငံတွင်းသိုပစ်ခတ်တိုက်ခိုက်၊ မိမိတို့ စစ်ဖြစ်နေပြီဟု နေတန်ယာဟု ကြေညာ
ဟားမတ်စ်တပ်များ ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်ဒေသမှနေ၍ ဒုံးကျည် ၂၂၀၀ ထက်မနည်းကို အစ္စရေးနိုင်ငံတွင်းသို့ ဒေသစံတော်ချိန် စနေနေ့ နံနက် ၆နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဟားမတ်စ်တပ်ဖွဲအကြီးအကဲ မူဟာမက်အယ်လ်ဒိဖ်ကမူ မိမိတို့သည် ဒုံးကျည် ၅ထောင်ခန့်ပစ်ခတ်ခဲ့ကြောင်းဆိုသည်။
ထို့ကြောင့် မိမိတို့ စစ်ဖြစ်နေပြီဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကကြေညာလိုက်သည်။