ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ယနေ့ စက်တင်ဘာ (၂၄) ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ဆောက်လက်စ တိုက်အမြင့်မှ ပြုတ်ကျ၍ လည်ပင်းထိုး-သွင်း-ဒဏ်ရာဖြင့် သေ-ဆုံးခဲ့မှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ (ပြည်)မှ သိရသည်။
စက်တင်ဘာ (၂၄) ရက် နံနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ဦးဝင်းမြစက်လမ်းရှိ ဆောက်လက်စ အထပ်မြင့်ပေါ်မှ ပြုတ်ကျ၍ အမျိုးသားတစ်ဦး လည်ပင်းထိုး-သွင်း-ဒဏ်ရာဖြင့် သေ-ဆုံးနေသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ (ပြည်)၊ ပရဟိတပါရမီသို ဆက်သွယ်အကြောင်းကြားသဖြင့် ခေတ္တရာလူငယ်များ သာရေး/နာရေးကူညီပံ့ပိုးမှုအသင်းနှင့် ပူးပေါင်း၍ အရေးပေါ်သွားရောက် ကူညီပေးခဲ့ရကြောင်း သိရသည်။