

ပဲ၊နှမ်းဈေးကွက်အတွင်း ဈေးကျလာပြီးအရောင်းဝယ်အေးနေကြောင်း ပဲနှမ်းကုန်သည်များ ထံက သိရသည်။
ပြည်ပ တင်ပိုရသည့် ပဲနှမ်းအပြင် ပြည်တွင်းသုံးစွဲမှုများသည့် ကုလားပဲ ဈေးပါ ကျဆင်းလာကြောင်းသိရသည်။
ပြည်တွင်းကုန်ဈေးနှုန်းကျဆင်း ရေး ကြီးကြပ်မှုအဖွဲ့၏ ပြည်တွင်း လုပ်ငန်းများစစ်ဆေးမှုများနှင့် အတူ ပြည်ပ ဝယ်လိုအားနည်းလာခြင်းကြောင့်လည်း အနည်းငယ်ဈေး နှုန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်းကုန်သည်များထံကသိရသည်။