ငွေဆောင်ကမ်းခြေကို ခရီးသွားလာရောက်လည်ပတ်မှုအများဆုံးဖြစ်ခဲ့

ယခု၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်း ငွေဆောင်ကမ်းခြေကို တရုတ်ခရီးသွားလာရောက်လည်ပတ်မှုအများဆုံးဖြစ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ငွေဆောင်ရုံးခွဲ)ကနေသိရပါတယ်။

ငွေဆောင်ကမ်းခြေကို နိုင်ငံခြားသားခရီးသွားလာရောက် လည်ပတ်မှုတွေကို ကြည့်ပါက အများဆုံးအနေနဲ့တရုတ်နိုင်ငံသား ၁၆၂၂ဦး ၊ အိန္ဒိယနိုင်ငံသား ၅၉၇ဦး ၊ ရုရှားနိုင်ငံသား ၁၉၆ဦး ၊ ဂျပန်နိုင်ငံသား၁၈၀ဦး ၊ထိုင်းနိုင်ငံသား၁၄၁ဦး နဲ့ အမေရိကန်နိုင်ငံသား ၉၉ဦး နဲ့စုစုပေါင်း၂၈၃၅ဦး ဝင်ရောက်မှုရှိခဲ့တာလို့ဆိုပါတယ်။