

(၁၄ဝ) ကြိမ်မြောက် မိတ္ထီလာ့ သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို (၈)ရက်ကြာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သိရသည်။
အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို စက်တင်ဘာ(၂၂) ရက်မှ (၂၉) ရက် အထိ (၈) ရက်ကြာထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို အကြီးတန်း၊ အငယ်တန်း၊ နှစ်တန်းခွဲခြားကျင်းပမည်ဟုလည်း သိရသည်။