ဟင်းကောင်းတစ်ခွက် စားရတဲ့အခါ
လူတိုင်းက
ချက်တဲ့သူ တော်လိုက်တာတဲ့။
ငံသွားတဲ့အခါ
စေတနာ မပါဘူး ထင်တယ်။
ဆားတွေ
ဘယ်လောက်ထည့်လိုက်လဲ
မသိဘူး တဲ့။
ဆားရဲ့အပြစ်ပေါ့
ပေါ့သွားတဲ့အခါ
ဆားမပါတဲ့ဟင်း ပေါ့ရွှတ်နေတာဘဲ။
စားမကောင်းလိုက်တာ တဲ့။
ဆားက တရားခံ ဖြစ်ပြန်ပြီလေ။
ဒါကြောင့်
စေတနာဆိုတာလည်း ဆားလိုပါဘဲ။
စေတနာထားပြီး လုပ်ဆောင်ပေးတဲ့
အလုပ်တစ်ခု
ပြီးမြောက်သွားတဲ့အခါ
ပိုသွားရင် ဖြစ်စေ
လိုသွားရင် ဖြစ်စေ
ခံယူသူဘက်က အမျိုးမျိုး ခံစားပြီး
ကောက်ချက်ချတတ်ကြပါတယ်။
ဆားလို လူတွေကတော့
ကျရာနေရာမှာ စေတနာထားပြီး
ဟိုစပ်စပ် ဒီစပ်စပ်
သူက အကုန် ကူညီချင်တဲ့သူတွေပါ။
ပိုသွားတဲ့အခါ
သူ့အပြစ်က ဆရာလုပ်တယ်ပေါ့။
ခံယူသူဘက်က
ဝေဖန်ချက်တွေ များလာတဲ့အခါ
ဆားလိုလူတွေဟာ
စိတ်ဓာတ်တွေ ကျရင်း
အကြိမ်ကြိမ် အားလျှော့တတ်ကြပါတယ်။
ဒီလိုနဲ့ပဲ
ဆားလိုလူတွေဟာ
ဟင်းကောင်းတစ်ခွက် ဖြစ်လာဖို
ဘဝရဲ့ တစ်နေရာမှာ
အဝေဖန်ခံ
အကဲ့ရဲ့ခံ
အပြစ်ပြောခံပြီး
တစ်ထောင့် တစ်နေရာကနေ
သူပါဝင်နေဆဲလေ။