ရေကြီးမှုကြောင့် ထိခိုက်မှု ကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။
ရေမကြီးခင် ဘာတွေပြင်ဆင်ရမလဲ
ရေကြီး လာနိုင်တဲ့ အလားအလာတွေ ရှိနေမယ်၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်တဲ့ အခါမျိုးမှာ ဒီအချက်တွေကို ပြင်ဆင်ထားဖို့ လိုပါမယ်။
- သောက်သုံးရေ သိုလှောင်ပါ
- အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ ဆံပင် အခြောက်ခံစက် စတဲ့ လျှပ်စစ်နဲ့ အသုံးပြုရတဲ့ ပစ္စည်းတွေကို ရေမရောက်နိုင်တဲ့ နေရာမှာ ထားပေးပါ
- အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို လုံခြုံအောင် သိမ်းဆည်းပါ
- ရေသန့်ဆေးကြိုဆောင်ထားပါ
- လိုအပ်မယ့်ဆေးဝါးအသုံးအဆောင်တွေပြင်ဆင်ထားပါ
- စားစရာတွေ သိုလှောင်ထားပါ
- လက်နှိပ်ဓါတ်မီး
- ရေဒီယို
- ဓာတ်ခဲအပို
- ရေမလို လက်သန့်ဆေးရည် စတာတွေကိုပြင်ဆင်ထားသင့်ပါတယ်။
ရေကြီးနေချိန်မှာ ဘာတွေပြင်ဆင်ရမလဲ
ရေကြီး နေချိန်မှာ အကောင်းဆုံး စောင့်ရှောက်မှုက မဖြစ်မနေ လိုအပ်မှာပါ။
- လျှပ်စစ်မီး စီးဝင်မှုမရှိစေဖို့ မိန်းချထားပါ
- အစားမစားခင် စားပြီးချိန်တွေမှာ လက်ကို သေချာသန့်စင်ပါ
- သိုလှောင်ထားတဲ့ ရေကိုပဲ အသုံးပြုပေးပါ
- ရေဒီယိုကို နားထောင်ပေးပါ
- ရေကြီးနေတဲ့ ရေထဲကို ဖြတ်မလျှောက်ပါနဲ့
- ရေကြီးနေတဲ့ ရေတွေကို မသုံးပါနဲ့
- ဝမ်းနူးစာတွေ မစားပါနဲ့
- ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။
ရေကျသွားတဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲ
ရေကြီး ပြီး ပြန်ကျသွားပြီဆိုရင်
- အိမ်မှာ ပျက်စီးမှု တစ်စုံတရာ ရှိ၊ မရှိ သေချာ စစ်ဆေးပါ
- မှောင်တဲ့ နေရာတွေကို လက်နှိပ်ဓာတ်မီးနဲ့ သွားပါ
- ရေကြီးတုန်းက ရေတွေကို ပြန်မသုံးပါနဲ့
- ရေတွေကို ကလိုရင်းခတ်ပြီးမှ သုံးပါ
- ရေကျပြီးသွားချိန်မှာ လျှပ်စစ်မီးတွေကို အလောတကြီး မဖွင့်ပါနဲ့
- နေအိမ်ကို သေချာ သန့်ရှင်းသွားအောင် လုပ်ပါ၊ လိုအပ်ရင် ပိုးသတ်ဆေးတွေသုံးပါ
- သန့်ရှင်းရေး လုပ်တဲ့အခါ လည်ရှည်ဖိနပ်၊ လက်အိတ်တွေဝတ်ပါ
- ရေတက်စဉ်က အသုံးပြုထားတဲ့ အသုံးအဆောင်တွေ အားလုံးကို သန့်စင်ပါ၊ လိုအပ်ရင် ပိုးသတ်တာမျိုးတွေ လုပ်ပါ
- အာဟာရ ပြည့်ဝအောင် စားသုံးပါ
- ပြည့်ပြည့်ဝဝ အနားယူပေးပါ
- သန့်ရှင်းမှု အားနည်းတဲ့ အစားအသောက်တွေ မစားပါနဲ့
- အသုံးပြုမယ့် ရေအရင်းအမြစ်ကို သေချာဂရုစိုက်ပါ။
ဒီအချက်တွေကို သေချာ ဂရုစိုက်ပြီး ရေကြီးတဲ့ အချိန်မှာ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရေကြီးမှုကြောင့် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ် နဲ့ ကျန်းမာရေး ထိခိုက်မှုတွေကနေ ကာကွယ်လိုက်ပါ။