



မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Tourist Visa On Arrival ကို မကြာမီခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ခွင့်ပြုပေးမည့်ရက်ကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးဘဲ ထိုသို့ ခွင့်ပြုသည့်ရက်မှစတင်၍ စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဟုဆိုထားသည်။
အဆိုပါ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ရောက်ရှိလာပါက ဆိုက်ရောက်ဗီဇာလျှောက်လွှာကို အခမဲ့ရယူ၍ (၁.၂ x ၁.၅) လက်မ Colour Photo (၂) ပုံနှင့်အတူ လျှောက်လွာပုံစံ ဖြည့်သွင်းရမည် ဖြစ်သည်။