မော်ရိုကိုနိုင်ငံ၌ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈၂၀ ဦးသေဆုံးကာ အဆောက်အအုံများလည်းပျက်စီးခဲ့ပြီး ဒေသခံများလည်း ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်းသိရသည်။
အဆိုပါငလျင်ကြောင့် ဒဏ်ရာရရှိသူလည်းရာချီရှိခဲ့ပြီး သေဆုံးမှုများသည် ရောက်ရှိရန်ခက်ခဲသော တောင်ပေါ်ဒေသများတွင်အများဆုံးဖြစ်ပေါ်ခဲ့သည်ဟု အာဏာပိုင်များကပြောကြားခဲ့ပြီးစုစုပေါင်းဒဏ်ရာရရှိသူ ၆၇၂ ဦးရှိခဲ့ကြောင်းသိရသည်။
မော်ရိုကို၌ငလျင်လှုပ်ခတ်သဖြင့်လူ ၈၂၀ ဦးသေဆုံး
