ကျောက်တံခါးမှာ ပြည်သူ ၂ ဦးကို စစ်သားများ ပစ်ခတ်သတ်ဖြတ်ဆိုတဲ့သတင်းအမှား

စက်တင်ဘာလ ၅ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အနန်ဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်၀ကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်သားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

အမှန်မှာ စက်တင်ဘာလ ၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အနန်ဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်၀ကျေးရွာတွင် တပ်မတော်စစ်ကြောင်းဝင်ရောက်လာခြင်းမရှိသလို ပြည်သူ ၂ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Mizzima မှ ဖြစ်စဉ်မရှိဘဲ အများအထင်လွဲမှားအောင်ရေးသားလိုမှအားမရဘဲ PDF များရဲ့ယုတ်မာမှုများကိုဖုံးကွယ်ချင်တာနဲ့ တပ်မတော်ကိုတမင်အပုတ်ချလုပ်ကြံ လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။