ဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၉ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၄,၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီး၊ တပ်မတော်တစ်ရပ်လုံးအနေဖြင့် စက်တင်ဘာလ ၇ ရက်တွင် စုစုပေါင်းသစ်ပင် ၁၇၅,၆၇၄ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့ပါတယ်။



